သတင်းများ

ပိုင်ကျုံတိုက်နယ်‌ ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ်(ဒုတိယ)အကြိမ်စတင် ထိုးနှံပေးလျက်ရှိ
Nov 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိ နေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ပိုင်ကျုံမြို့ တိုက်နယ် ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပေးနှိုးဆော်ခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ပူးပေါင်းကွင်းဆင်းဆောင်ရွက်
Nov 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု လျှော့ကျစေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့  နံနက် ၈ နာရီ ခန့်က ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍    အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက် နှင့်ကျေးရွာများသို့ ကွင်းဆင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့ရှိအောက်ဆီဂျင်စက်ရုံတွင်  အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပ
Nov 07,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊  နတ်မောက်မြို့နယ်အတွင်းရှိဒေသခံပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ်လိုအပ်မှုကို ဖြည့်ဆီးဆောင်ရွက်ပေးနိုင်ရန် နတ်မောက်မြို့ စိတ်ဓာတ် ဖြူစင်ကရုဏာရှင် လူမှုကူညီရေးအသင်းရုံးဝန်းအတွင်း တည်ဆောက်ထားသော “အာယုဒီဃ” အောက်ဆီဂျင်စက်ရုံတွင် ယမန်နေ့နံနက် (၅)နာရီအချိန်ခန့်က အန္တရာယ်ကင်းပရိတ် တရားတော်နာ မင်္ဂလာအခမ်းအနားကျင်းပခဲ့ပြီး၊ အခမ်းအနားသို့ အောက်ဆီဂျင် ဖြစ်မြောက် ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ  (၁ ဒသမ ၂)ပေရေကျော်ကျ
Nov 07,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ  ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ( ၁ ဒသမ ၂)ပေ ခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံကသိရသည်။
မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများကို နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာ ပြန်လည်ဆောင်ရွက် ပေးသွားမည်
Nov 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ယာယီရပ်နားထားခဲ့သော ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ယခုလ နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာ ပြန်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။ 
ခင်ဦးမြို့၌ (၃၃) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၃၃) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၅)ဦးထပ်မံစစ်ဆေးတွေ့ရှိ
Nov 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၅) ဦးအား ယမန်နေ့က ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ
Nov 07,2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။