သတင်းများ

လေးမျက်နှာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေ စာရင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 07,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား အခွင့်အရေးများ မဆုံးရှုံးစေရန် နိုင်ငံသား စိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ် အိုင်သပြုကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ဝက်လက်မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-3(ပထမအကြိမ်) အဖြစ် ဆက်လက် ထိုးနှံပေး
Nov 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရ သေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-3 (ပထမအကြိမ်) အဖြစ် ဝက်လက်မြို့ ဘုရားကြီးဝင်းအတွင်းရှိ ဝင်းလက်ရွှေရည် ဇာတ်ရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၁၂)နှစ်မှ အသက်(၁၈) နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Nov 07,2021
 ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အသက်(၁၈) နှစ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊မူလတန်းလွန်နှင့်မူလတန်းကျောင်း များရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)၊ အ.ထ.က(၃)နှင့် အ.မ.က (၁၇) တို့တွင်  စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင်(၃၃)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏နှစ်ပတ်လည်နေ့အထိမ်းအ မှတ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Nov 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်ယနေ့ (၇.၁၁..၂၀၂၁) ရက်နေ့တွင် ကျ ရောက်သည့် အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၏ (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမှတ်(၄)ရပ်ကွက်ရှိ နဂါးရုံဘုရား၌ ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခဲ့သည်။
ကော့မှူးတွင် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ရေး နည်းလမ်းများ မိဘပြည်သူများအား အသိပညာပေးနှိုးဆော်
Nov 07,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ရပ်ကွက်များအတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်များအတွင်းရှိ လမ်းဆုံလမ်းခွများတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား  မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ကြေညာပေးခြင်းကို ယနေ့  နံနက်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးနည်းလမ်း များအား Hand Spearဖြင့်  လိုက်လံအသိပေး နှိုးဆော်‌ပေးနေကြောင်းသိရသည်။
မယ်စဲ့မြို့နယ် ပန်းတိန်းကျေးရွာ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ကွင်းဆင်းစစ်ဆေးပေး
Nov 07,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာ၌ ဒေသခံပြည်သူ ၅၅ ဦးအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို  Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့က ပန်တိန်းကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
စည်ပင်သာယာ သားသတ်ရုံများ၊ ဈေးများနှင့် စားသုံးသူများသို့ ကွင်းဆင်းမေးမြန်းခြင်းလုပ်ငန်း ဆောင်ရွက်
Nov 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌  စည်ပင်သာယာ သားသတ်ရုံများ၊ ဈေးများနှင့် စားသုံးသူများသို့ ယနေ့ နံနက် ၈ နာရီခန့် က ကွင်းဆင်းမေးမြန်း ဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်‌ ရေချိုကုန်းကျေးရွာ လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Nov 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ရေချိုကုန်း‌ကျေးရွာ၌ နိုဝင်ဘာလ၆ ရက်နေ့ညနေ ပိုင်းက ပြုလုပ်သော ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။