ငွေဆောင် နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်ယနေ့ (၇.၁၁..၂၀၂၁) ရက်နေ့တွင် ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၏ (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမှတ်(၄)ရပ်ကွက်ရှိ နဂါးရုံဘုရား၌ ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးဝင်းကျော်နှင့်ဝန်ထမ်းများက ငွေဆောင်မြို့၊ အမှတ် (၄)ရပ် ကွက်၊ဟိုတယ်ဇုန်လမ်းရှိ ဆုတောင်းပြည့်နဂါးရုံဘုရားတွင် တံမျက်စည်းလှည်း သန့်ရှင်းရေး များ ပြုလုပ်ခြင်း၊ ပန်း၊ဆီမီးများကပ်လှူပူဇော်ခြင်း၊ ဘုရားအတက်အဆင်းလမ်းတစ်လျှောက်ရှိ အမှိုက်များ၊ ခြုံနွယ်များရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များရှင်းလင်းခြင်း၊ ဘုရားရင်ပြင်တော်အား ရေများဖြင့် ဆေးကြောခြင်းအစရှိသည်တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူမူ(ငွေဆောင်)