ကော့မှူး နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ရပ်ကွက်များအတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်များအတွင်းရှိ လမ်းဆုံလမ်းခွများတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ကြေညာပေးခြင်းကို ယနေ့ နံနက်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များအား Hand Spearဖြင့် လိုက်လံအသိပေး နှိုးဆော်ပေးနေကြောင်းသိရသည်။
အဆိုပါအသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ ပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါဆက်လက်ရှိသေးသည့်အတွက် နေအိမ်ပြင်ပသို့ မဖြစ် မနေ ထွက်ခွာပါ က (Mask) နှာခေါင်း စည်းစနစ်တကျ တပ်ဆင်ရန် ၊အခြားသူများနှင့် အနည်းဆုံး(၆) ပေအကွာမှ ခပ်ခွာ ခွာနေပါ၊ Mask မတပ်သူ များနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊စျေးဝယ်ခြင်းများမှ ရှောင်ကြဉ်ပါ၊ တစ် ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာရေဖြင့် စက္ကန့် (၂၀)ကြာအောင်စနစ်တကျ လက်ဆေးပါ ၊ မိမိတို့ အိမ်တွင်ပြင်ပမှလာသော ဧည့်သည်များအား လက်ခံခြင်းမပြုရန်နှင့် မိမိတို့ ကလည်းအခြားသူများထံ သွားရောက်ခြင်း မပြုကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
ထို့အပြင် အတူနေ မိသားစုအတွင်း ဖျားနာသူများရှိပါက အိမ်တွင်သာ နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများခံစားရလာပါက သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှတစ်ဆင့် ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေး လုပ်ငန်း များကို ဆက်လက် လိုက်နာကြရန် စသည့် ကြေညာ ချက်များကို ကိုယ်စီလိုက်နာ ဆောင်ရွက် ခြင်း ဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင် ရွက်သွားကြရန်တို့ကို အများပြည်သူများလိုက်နာနိုင်ရေးအတွက် နှိုးဆော်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်းသိသည်။
ကျော်သူရ (ကော့မှူး)