သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်တွင် (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 07,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်း အဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က (၃၃)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် ညွှန်ကြားချက်များအား လိုက်လံနှိုးဆော်
Nov 07,2021
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူသိရှိ လိုက်နာရမည့် ညွှန်ကြားချက်များအား လှည့်လည်ကြေညာခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် အတွင်း၌ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ကျေးရွာ(၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
Nov 07,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ ဘတ်ဂျတ်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျေးရွာ(၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရကာ ယခုအခါ စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ ကျေးရွာများတွင် စီမံကိန်းလုပ်ငန်းစဉ် အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် တာဝန်ယူကြီးကြပ်ဆောင်ရွက်မည့် ကော်မတီဝင် ဖွဲ့စည်းခြင်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။  
တီကျစ်အ.ထ.ကကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၄၁၀)ဦးရှိ
Nov 07,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု တီကျစ် အ.ထ.ကကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၁၀)ဦးရှိကြောင်းသိရသည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၇)ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Nov 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၇)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့ နံနက်ပိုင်းတွင်  ဆေးရုံဆင်းခွင့်ရရှိကြောင်း  သိရှိရသည်။
မြောင်းမြမြို့နယ် ၊ဦးနုချောင်းကျေးရွာအုပ်စုတွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 07,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီမှ ညနေ ၄ နာရီအထိဦးနု​ ချောင်းကျေးရွာ အမက ကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နမ္မတူမြို့နယ်၌ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသည့် ပြည်သူများအား ကိုဗစ်ပိုး ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Nov 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ခံရမှု လျော့ကျစေရေးရည်ရွယ်၍ မြို့နယ်အတွင်း လှုပ်ရှား သွားလာလျက်ရှိသည့် ပါးစပ်နှင့် နှာခေါင်းစည်း (Masks) မတပ်ဆင်ထားသော ပြည်သူများအား  ကိုဗစ်ပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီ အချိန်က နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက် မြို့နယ်တရားရုံးအနီးရှိ လမ်းဆုံ၌  ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်းကျေးရွာ အုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။