မယ်စဲ့ နိုဝင်ဘာ ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာ၌ ဒေသခံပြည်သူ ၅၅ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့က ပန်တိန်းကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၅ ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား အလက (ပန်းတိန်း) ကုသရေးစင်တာတွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပြီး မယ်စဲ့မြို့နယ်တွင် ယနေ့အထိ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၄၀၆ ဦးနှင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂၂၇ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)