ကန်ကြီးထောင့်မြို့နယ်‌ ရေချိုကုန်းကျေးရွာ လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ကန်ကြီးထောင့်  နိုဝင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ရေချိုကုန်း‌ကျေးရွာ၌ နိုဝင်ဘာလ၆ ရက်နေ့ညနေ ပိုင်းက ပြုလုပ်သော ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် က‌ရေချိုကုန်းကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်း အနားကိုလျှပ်စစ်မီးခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးရရှိသည့် နေအိမ်၄အိမ်မှမိသားစုဝင်များ နှင့်သွားရောက်တွေ့ဆုံခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်ရေချိုကုန်း ကျေးရွာဘုန်းတော် ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ရေချိုကုန်းကျေးရွာ၌အိမ်ခြေ၂၈၄ ခုနှင့်အိမ်ထောင်စု၂၈၄ စုရှိကြောင်းသိရ ပြီးနိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ၂၄နာရီ ကာလပတ်လုံး ကျေးရွာနေပြည်သူ များ အနေဖြင့် လျှပ်စစ်မီးများအသုံးပြုသွားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)