သတင်းများ

ချောင်းဆုံ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်
Nov 09,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် ယခုနှစ် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် နိုဝင်ဘာလ ပထမပတ်မှ စတင်ပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများတို့အား ယနေ့ နံနက်(၉) နာရီအချိန်ခန့်က ကာလိမြို့အခြေခံပညာ အထက်တန်း‌ကျောင်း၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ခမောက်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌စာဖတ်ဝိုင်းပြုလုပ်
Nov 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန  ( Community Centre  ) တွင် စာဖတ်ဝိုင်းကို ယနေ့ မနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Nov 09,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့ နေ့လည်(၁၁)နာရီက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ "အောင်မြတ် (မြန်မာပြည်)"၏" သင်သေသွားသော် ဘယ်သူငိုမလဲ "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ကျေးသီးမြို့နယ်၊ မြို့မစျေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ အသိပညာပေး နှိုးဆော်
Nov 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပေးနှိုးဆော်ခြင်း ကို ယနေ့နံနက်(၇)နာရီက မြို့မစျေး၌ ဆောင်ရွက်ခဲ့သည်။
လှည်းကူး၌ အခြေခံမော်တာ စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား
Nov 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ရည်ရွယ်ဖွင့်လှစ် သည့် အခြေခံမော်တာစက်ချုပ် သင်တန်း (အခမဲ့) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကလီထော်ကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့ ကြောင်း သိရသည်။
လှည်းကူး၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ဆေးထိုးရန်ကျန်ရှိသည့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
မိုင်းနောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ပညာသင်ကြားလျက်ရှိ
Nov 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်း‌နောင်မြို့ အခြေခံပညာအထက်တန်းကျောင်းသည် နိုဝင်ဘာ ၁ ရက်နေ့က စတင်ဖွင့်လှစ်ရာယနေ့ထိ ကျောင်းသားကျောင်းသူများ ပုံမှန် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။