ခမောက်ကြီး နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန ( Community Centre ) တွင် စာဖတ်ဝိုင်းကို ယနေ့ မနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်အိမာဟိန်းက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ မိမိတို့ဖတ်ရှုထားသည့်အသိပညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာဖတ်ပရိသတ် အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိစေနိုင်ရန်ရည်ရွယ်၍ စာဖတ် ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာအောင်သင်းရေးသား ထား သည့် "နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ"စာအုပ်နှင့်မိတ်ဆက်၍ "ဖတ်ဖို့ ကျင့်ဖို့" ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ပရိသတ် ဒေါ်ချောစုထွန်းက "စာတတ်ဖို့ စာဖတ်စို့"ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးပြီး တက်ရောက်လာသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ရူပါမြင့် (ခမောက်ကြီး)