သတင်းများ

သီပေါမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်စုရပ်နေရာတွင် ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပင်လုံမြို့ မြို့မဈေးအတွင်း/အပြင်၌ ဈေးရောင်းချသူနှင့် ဈေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေး
Nov 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေးတွင် ပင်လုံမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး၊ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ပင်လုံမြို့ဈေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ပင်လုံမြို့ဈေးအတွင်း၊ အပြင်တွင် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား ယနေ့နံနက်(၇) နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ကွင်းဆင်းစစ် ဆေးပေး ခဲ့ကြောင်းသိရသည်။
လှိုင်သာယာ(အ‌နောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)မထိုးနှံရ‌ သေးသော ပြည်သူများအား ဆက်လက်ထိုးနှံပေး
Nov 09,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကို​ဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ယနေ့နံနက် ၈ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်တွင် ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်း ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Nov 09,2021
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ရန်ကုန်တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ လမ်းညွှန်မှု များနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းကို အရေးပေါ်ကုသရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်နှင့် ကြက်ခြေနီသူနာပြုများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးများတွင် ဖွင့်လှစ်ကြရာ ယနေ့ နံနက်(၉)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးတွင် သင်တန်းဆင်းပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Nov 09,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတို့မှ အသက် ၁၂ နှစ်နှင့်အထက်
ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်
Nov 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပရေး၊ လာရောက်အပန်းဖြေကြသော ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာ အပန်းဖြေအနားယူနိုင်ရေး၊ ကမ်းခြေကိုအမှီသဟဲပြုကာ စီးပွားရှာမှီးသောသူများ စည်းကမ်းရှိစေရေးအတွက် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို အောက်တိုဘာလ (၁)ရက်နေ့မှ စတင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဟိုတယ်နှင့် တည်းခိုခန်းတာဝန်ခံများ ပူးပေါင်း ပါဝင်သော အဖွဲ့(၇)ဖွဲ့ ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ခိုလမ်မြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Nov 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) များကို ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးစပါး မျိုးစေ့ ထုတ်စံကွက် ရိတ်သိမ်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
Nov 09,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီ အချိန်က မြို့ဦးရပ်ကွက်၊ ဇူလကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။