သတင်းများ

ဂွမြို့ Community. Centre ခန်းမတွင် သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပ
Nov 09,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ အသိပညာပေး (Talk Show)ကို Community. Centre ခန်းမ. လူထုအခြေပြု ဗဟိုဌာန၌ ယနေ့၊ နေ့လည် ၁၁နာရီ မိနစ် ၃၀ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ နည်းပြ၊ သရုပ်ပြ သစ်လွင်ဆရာ၊ ဆရာမများနှင့် အခြေခံပညာ ဆရာ၊ဆရာမများအား မွမ်းမံသင်တန်း ပို့ချလျက်ရှိ
Nov 09,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ နည်းပြ၊ သရုပ်ပြသစ်လွင် ဆရာ၊ဆရာမများနှင့် အခြေခံပညာ ဦးစီးဌာနမှ ဆရာ၊ဆရာမသစ်လွင်များအား ယမန်နေ့နံနက်ပိုင်းစ၍ မွမ်းမံသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပို့ချလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့အတွင်း အဝင်/အထွက်ပြုလုပ်ချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ် စစ်ဆေးနေသည့် အတွက် ကာကွယ်ဆေးလာရောက် ထိုးနှံသူများပြား
Nov 09,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဒေသအသီးသီးမှ ခရီးသွားပြည်သူများနှင့် မြို့ပေါ်နေထိုင်သည့် ပြည်သူများအား မြို့တွင်း အဝင်/အထွက် ပြုလုပ်ချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်း လတ်မှတ်ပြနိုင်မှသာ မြိုတွင်းသို့ အဝင်/အထွက်ခွင့်ပြုသည့်အတွက် ယနေ့ နက်ပိုင်းမှစတင်၍ နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံသူ များပြားလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ထွက်သွားလာလျက်ရှိသည့် ပြည်သူများအား ကိုဗစ်ပိုး ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးရာ(၃)ဦးတွင် ပိုးတွေ့ရှိ
Nov 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ခံရမှု လျော့ကျစေရေး ရည်ရွယ်၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ထွက် သွားလာလျက်ရှိသည့် ပြည်သူများ အား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က သိန္နီမြို့နယ် CB ဘဏ်ရှေ့ လမ်းဆုံနေရာ၌ ဆောင်ရွက်သည်။
သာစည်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် အသက် ၁၂ နှစ်နှင့် အထက် ကျောင်း သား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံပေး
Nov 09,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) အဖြစ် သတ်မှတ်ဆေး ထိုးစုရပ်များ၌ ယမန်နေ့က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
လားရှိုးမြို့၌ ကိုဗစ်(၁၉) ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေး အရှိန်မြင့်ဆောင်ရွက်လျက်ရှိ
Nov 09,2021
လားရှိုးမြို့၌ ယနေ့နံနက်(၉)နာရီအချိန်က စတင်ကာ ကိုဗစ်(၁၉) ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး (Swab Team )အဖွဲ့(၆)ဖွဲ့တို့ဖြင့် မြို့တွင်းသတ်မှတ်နေရာ(၆)ခုတို့တွင် (RDT Test kit)ဖြင့် နှာခေါင်းတို့ဖတ်များကို အခမဲ့စစ်ဆေးခြင်းများဖြင့်ဆောင်ရွက်နေကြောင်းသိရှိရသည်။
ရေစကြိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
Nov 09,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ၆ လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား/ သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေ
Nov 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် ကျန်ရှိနေသူများအား ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့သည်။