သတင်းများ

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၃၂၂၇၈ ဦးရှိပြီးဖြစ်
Nov 09,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဦးစားပေး အစီအစဉ်အလိုက် သတ်မှတ်ထားသော ဦးတည်အုပ်စုများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် အပါအဝင် (အကြိမ်ပြည့်) ထိုးနှံပြီးသူ စုစုပေါင်း ၃၂၂၇၈ ဦးရှိပြီးဖြစ်ကြောင်း၊ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၃၀၆၇ ဦးအား ပထမအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ဘီးလင်းမြစ်ကြောင်း အဖြောင့်တူးဖော်နိုင်ရန် လျာထားသည့် လယ်မြေနေရာအား ကွင်းဆင်း စစ်ဆေး
Nov 09,2021
ဘီးလင်းမြစ်ရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများ ကာကွယ်နိုင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် ဘီးလင်းမြစ်ကြောင်းအဖြောင့် ပြန်လည်တူးဖော်နိုင်ရန် လျာထားသည့် သထုံမြို့နယ်ဘက်ခြမ်းရှိ လယ်မြေ နေရာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတို့ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မိတ္ထီလာတွင် အခြေခံစစ်တုရင် (အခမဲ့) သင်တန်း ဖွင့်လှစ်ပို့ချမည်
Nov 09,2021
မိတ္ထီလာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာ နနှင့် မြို့နယ်စစ်တုရင်ဆပ်ကော်မတီတို့ ပူးပေါင်း၍ အခြေခံစစ်တုရင် (အခမဲ့) သင်တန်းအား ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁ဝ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မည်သူမဆို စာရင်းပေး တက်ရောက်နိုင်ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် နှိုးဆော်ခြင်းလုပ်ငန်းများ အဆက်မပြတ်ဆောင်ရွက်
Nov 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ် နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်၍‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Nov 09,2021
ရန်ကုန်တိုင်းဒေသကြီး ​ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာမှုမရှိစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကို​ဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်စေရေး​​ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ရပ်ကွက်/ကျေးရွာများတွင် နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် အသက် ၁၈ နှစ် အထက်ရှိသူများ၊ မသန်စွမ်းသူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 09,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ထန်းတပင်မြို့နယ် သီရိမင်္ဂလာခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သိန္နီမြို့မစျေး၌ ကိုဗစ် - ၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Nov 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့မစျေး၌ ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က စစ်ဆေးခဲ့သည်။
မိုင်းယောင်းတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၅ ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ဖြစ်သဖြင့် ဆေးရုံဆင်းခွင့်ရ
Nov 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်များသို့ တက်ရောက်ဆေးကုသ ခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၅ ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီးဖြစ်သဖြင့် ယမန်နေ့တွင် ဆေးရုံဆင်းခွင့် ရရှိခဲ့သည်။