ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၃၂၂၇၈ ဦးရှိပြီးဖြစ်
Nov 09,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဦးစားပေး အစီအစဉ်အလိုက် သတ်မှတ်ထားသော ဦးတည်အုပ်စုများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် အပါအဝင် (အကြိမ်ပြည့်) ထိုးနှံပြီးသူ စုစုပေါင်း ၃၂၂၇၈ ဦးရှိပြီးဖြစ်ကြောင်း၊ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၃၀၆၇ ဦးအား ပထမအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။