သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Nov 10,2021
ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၁ ဦး ထပ်မံတွေ့ရှိ ၁ ဦး ပြန်လည်ကျန်းမာလာ
Nov 10,2021
ဟားခါးမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၁ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအနက် ၁ ဦး ပြန်လည်ကျန်းမာလာကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်စကောကရင်ဘာသာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Nov 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ကမမောင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့တွင် လူဦးရေ(၂၁၇၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 09,2021
ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်မှုများ လျော့ကျလာစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီများ ဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ပြည်နယ်နှင့်မြို့နယ်များ၊ ကျေးလက်ဒေသများပါမကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၌ ယနေ့နံနက် (၉)နာရီမှစတင်၍ ရဟန်း သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်၊ ဒုတိယအသုတ်ထိုးနှံဆောင်ရွက်ခြင်းတွင် ဆေးထိုးနှံရန် ကျန်နေသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးမိတ်မြို့၌ မန်ကျည်ပင်ဈေးရှိ ဈေးသူ၊‌ဈေးသား ကိုဗစ် ၁၉ ရောဂါပိုး ရှိ၊မရှိ RDT ဖြင့် အခမဲ့စစ်ဆေး
Nov 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအားအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီအချိန်တွင် မန်ကျည်ပင်ဈေးနှင့် ဘော်ဒေဈေးတို့တွင် ရောင်းချလျှက်ရှိသော ဈေးသူ၊ဈေးသား (၁၀၅)ဦး တို့အား RDT ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့သူ မရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိ
Nov 09,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များများ လာရောက်ဖတ်ရှု၊ ငှားရမ်းခြင်း မပြုနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးသူငယ်များအတွက် အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းများ စဉ်ဆက်မပြတ်တင်ဆက် ပေးလျက်ရှိရာ ယနေ့နေ့လည် (၁)နာရီတွင် ၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု (စာပေပဒေသာ)ဆုရ တင့်ဆွေ(ဖျာပုံ)၏ “ကျော့ပိုးအိတ်လေးကို ချီကာလွယ်” စာအုပ်အား မိတ်ဆက်ပေးခဲသည်။
မိုင်းယောင်း၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသ
Nov 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့တွင် ခင်းကျင်းပြသကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Nov 09,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။