တနိုင်း နိုဝင်ဘာ ၉
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့ နေ့လည်(၁၁)နာရီက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ "အောင်မြတ် (မြန်မာပြည်)"၏" သင်သေသွားသော် ဘယ်သူငိုမလဲ "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိ ပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒေါ်ဂျာအောင်လု - ရုပ်သံကျွမ်းကျင်-၃(ပြ)က "ရည်မှန်းချက် ပန်းတိုင်များ ချမှတ်ခြင်းနှင့် ပတ်သက်၍ အလေးအနက်ထားပါ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးရှမ်းဝှမ်း-ရုံးအကူက "ခွင့်လွှတ်ခြင်းကိုကျင့်ကြံပါ"ခေါင်းစဉ်ဖြင့် လည်းကောင်း" အပြန်အလှန် ဆွေးနွေး ခဲ့ကြပြီး စာဖတ်ဝိုင်းကို လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)