ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိ

ကာလိ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများတို့အား ယနေ့ နံနက်(၉) နာရီအချိန်ခန့်က ကာလိမြို့အခြေခံပညာ အထက်တန်း‌ကျောင်း၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်  ကျောင်းသား/သူများအား ပညာသင်ကြားမှုအခွင့်အရေးများ မဆုံးရှုံးစေရေး၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး တို့ကို အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများတို့အား ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ကာလိမြို့နယ်မြေရဲစခန်းမှ ရဲအုပ်လှဟန်၊ ကျန်းမာရေးဝန်ထမ်းများ၊ ကွန်ဟိန်းမြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်နှင့် သက်ဆိုင်ရာ ဆရာ/ဆရာမများတို့က ပူးပေါင်းပြီး  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/ သူများတို့အား ဆက်လက်ထိုးနှံခဲ့ကြောင်း သိရသည်။

ကျော် (ကာလိ)