မိုင်းနောင် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းသည် နိုဝင်ဘာ ၁ ရက်နေ့က စတင်ဖွင့်လှစ်ရာယနေ့ထိ ကျောင်းသားကျောင်းသူများ ပုံမှန် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂ဝ-၂၀၂၁ ခု ပညာသင်နှစ် ဒီဇင်ဘာလ စာရင်းအရ ဆရာ/ဆရာမ (၃၁) ဦးနှင့် ကျောင်းသား ကျောင်းသူပေါင်း(၁၁၂၀)ဦး ရှိပြီး ယနေ့အထိ ကျောင်းသား/ကျောင်းသူပေါင်း (၈၆၉) ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပြီး အခြေခံပညာ အထက်တန်းကျောင်းကို ဆက်လက်ဖွင့်လှစ်၍ သင်ကြား၊သင်ယူမှုများ ပုံမှန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းထံမှ သိရသည်။
အဆိုပါ သင်ကြားသင်ယူမှုများကို ပုံမှန်ဆောင်ရွက်ရာတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေး၀န်ကြီးဌာန ၏ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက် ထားရှိပြီး စာသင်ကျောင်း အတွင်းသို့ (mask) မဖြစ်မနေတပ်ဆင်ပြီးမှ ၀င်ရောက်စေခြင်း၊ စာသင်ခန်းအတွင်း တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်၍ စာသင်ကြားစေခြင်း၊ အတန်းပြ ဆရာ/ဆရာမများကိုလည်း အမြဲကြည့်ရှု ကြပ်မတ်စေခြင်း၊ လက်ဆေး ဘေစင်များကို အဆင်ပြေပြေအသုံးပြုနိုင်ရန် ထားရှိပေးခြင်းများကိုစနစ်တကျ ဆောင်ရွက်ထားရှိသည့်အပြင် ကျောင်းအုပ် ဆရာကြီး၏ ဩဝါဒစကားများကိုလည်း မိမိအတန်းရှေ့မှသာ တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာ နေ၍စည်းကမ်းတကျ နာယူစေခြင်း များကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မနန်း(မိုင်းနောင်)