ကျေးသီး နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပေးနှိုးဆော်ခြင်း ကို ယနေ့နံနက်(၇)နာရီက မြို့မစျေး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်း ဝင်ထွက်သွားလာသည့် စျေးရောင်း၊ စျေးဝယ် ပြည်သူများ အနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်စည်း (mask) များအား စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို ဆပ်ပြာဖြင့်စက္ကန့် (၂၀)ကြာ မကြာခဏဆေးကြောကြရန်၊ မလိုအပ်ပါက အိမ်အပြင်သို့ မထွက်ကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာခပ်ခွာခွာနေကြရန်၊ ဟောင်းနွမ်းညစ်ပေနေသည့် နှာခေါင်းစည်း (mask) များ အသုံးမပြုကြရန်စသည်တို့အား မြန်မာ၊ ရှမ်း (နှစ်ဘာသာ)ဖြင့် အသိပေးနှိုးဆော်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဦး၊ စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်ဖုန်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင် နှင့်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်တွင် ယနေ့ထိကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၈၂)ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၅၁)ဦး၊ သေဆုံးလူနာ (၂) ဦးရှိခဲ့ပြီး ဆေးကုသမှု ခံယူနေသူ(၂၉)ဦးကျန်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရရသည်။
နန်းမွမ်းဆိုင် (ကျေးသီး)