လှည်းကူး၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

လှည်းကူး နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ဆေးထိုးရန်ကျန်ရှိသည့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းသွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်းများ ပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးနောက်  မိနစ်(၃၀)ခန့် အနားယူစေခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၁၂ နှစ်နှင့်အထက် ဆေးထိုးရန် ကျန်ရှိသည့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ်အဖြစ် နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ယနေ့အချိန်ထိ ၄၀၁၅ ဦး ထိုးနှံးပေးပြီး ဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်