နမ့်ခမ်းမြို့အတွင်း အဝင်/အထွက်ပြုလုပ်ချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ် စစ်ဆေးနေသည့် အတွက် ကာကွယ်ဆေးလာရောက် ထိုးနှံသူများပြား

နမ့်ခမ်း နိုဝင်ဘာ ၉

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဒေသအသီးသီးမှ  ခရီးသွားပြည်သူများနှင့် မြို့ပေါ်နေထိုင်သည့် ပြည်သူများအား မြို့တွင်း အဝင်/အထွက် ပြုလုပ်ချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်း လတ်မှတ်ပြနိုင်မှသာ မြိုတွင်းသို့ အဝင်/အထွက်ခွင့်ပြုသည့်အတွက် ယနေ့ နက်ပိုင်းမှစတင်၍ နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံသူ များပြားလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက်  နေ့စဉ် နက်ပိုင်း(၈)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ နမ့်ခမ်းမြို့အဝင် ရောဂါစစ်ဆေးရေး ဂိတ်၌ ဒေသအသီးသီးမှ ခရီးသွားပြည်သူများနှင့် မြို့ပေါ်နေထိုင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ် စစ်ဆေးကာ ကာကွယ်ဆေးလက်မှတ် ပြနိုင်သူများသာ မြို့တွင်း အဝင်/အထွက် ခွင့်ပြုပြီး ကာကွယ်ဆေး မထိုးရသေးသူများနှင့် ကာကွယ်ဆေးလက်မှတ် မပြနိုင်သူများကို RDT Test Kit ဖြင့် အချိန်နှစ်တစ်ပြေးညီ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးပြီးကြောင်းလက်မှတ် ပြနိုင်မှသာ သွားလာခွင့် ပြုသည့်အတွက် ယခုရက်သတ္တပတ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ တစ်ရက်လျှင် (၉၀၀)ဦးကျော် လာရောက်ထိုးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရန် ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ တစ်ပတ်လျှင်(၆)ရက် ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်သည်။

နမ့်ခမ်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိထိရောက်ရောက် ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေး ဆော်ဩခြင်း၊ ရောဂါရှာဖွေ စစ်ဆေးခြင်း၊ ရောဂါ ကူးစက်ပြန့်ပွားမှု ကွင်းစက်များ ရှာဖွေစစ်ဆေး ကုသခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး ကြီးကြပ်ခြင်းနှင့် ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ တိကျလိုက် နာဆောင်ရွက်နိုင်ရန် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)