သိန္နီ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ခံရမှု လျော့ကျစေရေး ရည်ရွယ်၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ထွက် သွားလာလျက်ရှိသည့် ပြည်သူများ အား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သိန္နီမြို့နယ် CB ဘဏ်ရှေ့ လမ်းဆုံနေရာ၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ယာဉ်ကြီးကြပ်ရေး ကော်မတီဝင်များဖြင့် ပူးပေါင်းကာ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ထွက် သွားလာလျက်ရှိသည့် ဒေသခံပြည်သူ (၇၀) ဦးခန့် အား ကိုဗစ် - ၁၉ ရောဂါ ပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ရာ (၃)ဦးတွင် ပိုးတွေ့ရှိသဖြင့် ကုသဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အိဇာချို(ပြန်/ဆက်)