သာစည် နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) အဖြစ် သတ်မှတ်ဆေး ထိုးစုရပ်များ၌ ယမန်နေ့က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြား လျက်ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် သာစည်မြို့ အထက (၁)၊ ကန်ရှည်ကျေးရွာ၊ ယင်းမာပင်ကျေးရွာ၊ ရောက်ရိုးကျေးရွာ၊ မြေစိုမုန်တောကျေးရွာ၊ လှိုင်းတက်ကျေးရွာ၊ ပြည်ညောင်ကျေးရွာ တို့ရှိ အခြေခံပညာ ကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား Sinovac အမျိုး အစား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို (ပထမအကြိမ်) အဖြစ် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား/သူ အထက်တန်းဆင့် ၇၆ ဦး၊ အလယ်တန်းဆင့် ၁၈၆ ဦး၊ စုစုပေါင်း ၂၆၂ ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
သာစည်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ လူမှုရေးအသင်းအဖွဲ့ များက ပူးပေါင်း၍ သတ်မှတ်ဆေးထိုးစုရပ်များ၌ အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ အထက်တန်းဆင့် ၂၄၆၄ ဦး၊ အလယ် တန်းဆင့် ၇၀၈၀ ဦး၊ စုစုပေါင်း ၉၅၄၄ ဦးတို့အား ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်