ဂွမြို့ Community. Centre ခန်းမတွင် သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပ

ဂွ    နိုဝင်ဘာ 

ရခိုင်ပြည်နယ်၊  ဂွမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  လူမှုဝန်ထမ်း ဦးစီးဌာနတို့  ပူးပေါင်း၍  သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍  အသိပညာပေး  (Talk Show)ကို  Community. Centre ခန်းမ. လူထုအခြေပြု  ဗဟိုဌာန၌  ယနေ့၊  နေ့လည်  ၁၁နာရီ မိနစ် ၃၀ က ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး  ဒေါ်ရွှေရည်ဝင်းကျော်က သက်ငယ် မုဒိမ်းမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့်  မိဘများ၊ ကလေးသူငယ်များ ဆောင်ရန်ရှောင်ရန်  အချက်များကို မေးမြန်း ဆွေးနွေးခဲ့ရာ  မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ  ဒုတိယဦးစီးမှူး  ဒေါ်တင်တင်ခိုင်က သက်ငယ်မုဒိမ်းမှု  အများဆုံးဖြစ်ပေါ် နိုင်သော  အခြေအနေ၊ မိဘများ၊ ကလေးသူငယ်များ ဆောင်ရန်ရှောင်ရန်  အချက်များ၊ ဌာနဆိုင်ရာများမှ   အသိပညာပေးမှု များကို  ရပ်ရွာလူထုမှပါဝင်  ကူညီဆောင်ရွက်ပေးရမည့်  အခြေအနေများ၊ ဖြစ်ပွားလာခဲ့ပါက ဆက်သွယ်တိုင်ကြားနိုင် သည့် နေရာများ၊  ဖုန်းနံပါတ်များကို   ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်