သတင်းများ

အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်နိုင်ရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အစည်းအဝေးများဆောင်ရွက်
Nov 10,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Nov 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နို သူများအသင်း (Book Club) နှင့် လူငယ်လူရွယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသည့် ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ်(၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို တာဝန်ရှိသူများက ယမန်နေ့က ဆက်လက်၍ ဒုတိယအကြိမ်မြောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ အသိပညာပေးစာစောင်များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသပေး
Nov 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊  မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး အတွက် ကိုဗစ်-၁၉ အသိပညာပေးစာစောင်နှင့် ကျန်းမာရေး အတွက်အရေးကြီးဆုံး ဆောင်ရန်/ ရှောင်ရန်အသိပညာပေးနံရံကပ်စာစောင်များကို ယမန်နေ့ နံနက် ၁၁ နာရီက ပြသဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မိုင်းရယ်ပြည်သူ့စာကြည့်တိုက်တွင်အမျိုးသားနေ့အကြောင်းသိကောင်းစရာများTalk Show ကျင်းပ
Nov 10,2021
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း ၍ ယမန်နေ့ နေ့လည် ၂နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့် တိုက်ခန်းမတွင် အမျိုးသားနေ့အကြောင်းသိကောင်းစရာများ Talk Show ကို ကျင်းပပြုလုပ် သည်။
ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 10,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးရွာအုပ်စု၊ မူကြိုကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
မိုင်းပျဉ်းမြို့၊ ဌာနဆိုင်ရာရုံးများ၌ ရွေ့လျားစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Nov 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့ အထများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက ရွေ့လျား စာကြည့် တိုက်ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ ၄ ဦး‌ တွေ့ရှိ
Nov 10,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းမှ ယမန်နေ့မွန်းလွဲ ၃ နာရီအတွင်း စစ်ဆေးချက်များအရ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ ၄ ဦးထပ်မံတွေ့ရှိရကြောင်းကျန်းမာရေးဌာနမှ သိရသည်။