ရေစကြို နိုဝင်ဘာ ၉
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ၆ လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇောက အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် (ယာယီစာရင်းအရ) အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရေစကြိုမြို့နယ် စီမံကိန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇော၊ အဖွဲ့ဝင်ဗိုလ်မှူးအာကာဖြိုး၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်းရေးမှူး ယာယီရဲမှူးတင်လတ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်နော် (ချင်းတွင်းသား)