ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား(၆)မြို့နယ် အသက် (၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ဟင်္သာတ     နိုဝင်ဘာ    ၁၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဟင်္သာတခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပသော ဟင်္သာတ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက်( ) မြို့နယ် အမျိုးသား ၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဟင်္သာတမြို့ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် () မြို့နယ်တို့မှ ဆုရအားကစားသမားများက ကွင်းအတွင်း နေရာယူပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီး မြင့်ဝင်းက ဒုတိယဆုရ ဇလွန်မြို့နယ်အသင်းအား လည်းကောင်း အဖွဲ့ဝင် ()ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်က ပြိုင်ပွဲတစ်လျောက် အကောင်းဆုံး အားကစားသမားဆုရ ဟင်္သာတမြို့နယ် အသင်းမှ စောမျိုးတွယ်တာချစ်အား လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အထူးဆုရ အမျိုးသမီးအသင်းအား လည်းကောင်း ပထမတံခွန်ဆိုက်ဆုရ ဟင်္သာတမြို့နယ် အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင် ()ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ခရိုင်အားကစားမှူး ဦးကျော်သန့်နှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြ အုပ်ချုပ်သူများ တက်ရောက်ခဲ့ကြ သည်။

ကိုဇော် -ဟင်္သာတ