ဒေးဒရဲ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဒေးဒရဲမြို့နယ် ကုန်းတန်းကလေးကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဒုတိယဦးစီးမှူး ဒေါ်သဲစုခိုင် ဦးဆောင်သောအဖွဲ့မှ ကုန်းတန်းကလေး ကျေးရွာအုပ်စုရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၄)ဦး၊ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၁)ဦး၊ အသက်(၁၀)နှစ်မှအသက် (၁၈)နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား လဲလှယ်သူ(၁၉)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ပျက် မိတ္တူ(၃၃)ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးက သိရသည်။
အေဇာလင်း(ပြန်/ဆက်)