ကျိုက်ဒုံ နိုဝင်ဘာလ ၁၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့ နံနက် ၉ နာရီက မြို့ အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်း များ ကကျိုက်ဒုံမြို့ပေါ်နှင့်ကျေးရွာများတွင် နေထိုင်သည့် အသက် ၁၈နှစ်နှင့်အထက်၊ ပြည်သူ(၁၈၀) ဦးအား စတုတ္ထအသုတ်၊ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများကို မြို့အုပ်ချုပ်ရေးမှူး နှင့်စာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ သွေးပေါင်ချိန်ပေးခြင်း၊ကျန်းမာရေး စစ်ဆေးပေးခြင်း၊စာရင်းရေးသွင်းခြင်း၊လိုအပ်သည်များကို ကူညီပေးခြင်း၊ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြည်သူ(၁၈၀)ဦးအားကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ဆက်လက်၍ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်များ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)