ဝက်လက်မြို့နယ်၌ မိုးစပါး ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကောင်းမျိုးသန့် ထွက်ရှိစေရန်နှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းကာ အသိပညာပေးခြင်းများ ဆောင်ရွက်

ဝက်လက် နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ သခွတ္တောကျေးရွာ ၊ တောင်သူ ကိုဖိုးသား ၏ စပါးစိုက်ခင်းတွင်၊ မိုးစပါး ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကောင်းမျိုးသန့် ရရှိစေရန်နှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းကာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာနေရာသို့ လာရောက်ကြသော တောင်သူများကို PSI စနစ်ဖြင့် စိုက်ပျိုးတောင်သူများကို ဆောင်ရွက်ချက် အဆင့်ဆင့်ကို အသိပညာပေး ဆွေးနွေးရာ၊ တောင်သူများ ကလည်း မိမိတို့ သိလိုသည်များကို မေးမြန်းကြရာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်နှင့် ပြန်လည်ဖြေကြား အသိပညာပေး ဆွေးကြကြောင်း သိရပါသည်။

ဆက်လက်ပြီး ဝက်လက်မြို့နယ်  စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများကလည်း စိုက်ပျိုးရေးနှင့် ပတ်သတ်၍ သိလိုသည်များကို အချိန်မရွေး ဆက်သွယ်မေးမြန်နိုင်ပါကြောင်း တောင်သူများကို ပြောကြားခဲ့သည်ကို စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)