ဟိုပုံးမြို့၌ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့်စစ်ဆေးပေး

ဟိုပုံး  နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် Local Semi-Lock down ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် ၈နာရီ အချိန်မှ စတင်၍ မိုဘိုင်းစနစ်ဖြင့် RDT Test-Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများ၊ မြို့တွင်း ဖွင့်လှစ်ထားသည့် ဈေးဆိုင်၊ ဆေးခန်းများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် Mobile စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။

ဟိုပုံးခရိုင် (ပြန်/ဆက်)