ကွန်ဟိန်း မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၉၆)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်(ကာလိမြို့အပါ) တွင်စာစစ်ဌာန (၁)ခု ရှိပြီး ကွန်ဟိန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြေဆိုရမည်ဖြစ်သည်။ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား/ ကျောင်းသူများမှာ ပြင်ပဖြေ(၂၄)ဦး၊ ကျောင်းတွင်း(၇၂)ဦး စုစုပေါင်း (၉၆)ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)