မိုးနဲ မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က OSS(One Stop Shop) ပြည်သူ့ဝန်ဆောင်မှုရုံး၌ (Covishield) ထိုးနှံပြီး ၆ လပြည့်ပြီးသူများကို Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Booster Dose ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုနှင့် ကြီးကြပ်မှုများဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၆ ပေအကွာတွင် ထိုင်စေခြင်း၊ နှာခေါင်းစည်း mask တပ်ဆင်ထားပြီးမှ လာရောက်စေခြင်း စသည့် စည်းကမ်းချက်များနှင့် အညီ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်ပမာဏ တိုင်းပေးခြင်းအပြင် ထိုးနှံပြီး နာရီဝက် စောင့်ဆိုင်းစေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ယခင်ထိုးနှံပြီးကြောင်း စာရွက်ကို စစ်ဆေးပြီး (Covishield) ၂ ကြိမ်ဆက်တိုက် ထိုးနှံထားသူ ၆ လပြည့်ပြီးသူများသာ Booster Dose ထိုးနှံနိုင်ပြီး (Sinopharm) ထိုးနှံထားသူများ အနေဖြင့် Covishield အကြိမ်ပြည့် ဆက်လက် ထိုးနှံကြရမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများကို ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇင်ကိုကို