မောင်တောမြို့နယ်အတွင်း မေယု FM ရေဒီယိုဖမ်းယူရရှိမှု အခြေအနေအား စစ်တမ်းကောက်ယူခြင်း ကွင်းဆင်း ဆောင်ရွက်
Mar 21,2022
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာမှု အစီရင်ခံစာ (Preliminary Needs Assessment-PN)တွင် ပါဝင်သော အကြံပြုချက်များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ၏ ပထမအဆင့် ဦးစားပေး စီမံကိန်း(၇)ခုအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ မေယု FM ရေဒီယို အစီအစဉ်များကို ဖမ်းယူနားဆင်မှုနှင့်ပတ်သက်၍ ပရိသတ်၏ သဘောထား အမြင်များအား စစ်တမ်း ကောက်ယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မောင်တောမြို့ ၊ လသာရပ်ကွက်အတွင်း မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။