ကျေးသီး မတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် စည်ပင်သာယာစျေးရှိ စားသောက်ဆိုင်များ၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက် ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးသီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်ဖုန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့်စျေးကော်မတီဝင်တို့ လိုက်ပါပြီး ပွင့်လင်းရာသီအချိန် ကာလရောက်ရှိလာပြီ ဖြစ်သောကြောင့် စည်ပင်သာယာစျေးရှိ စားသောက်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များအားစစ်ဆေးပြီး မီးချိတ်မီးကပ်နှင့်ဆက်စပ်ပစ္စည်းများ၊ မီးသတ်ဆေးဗူးထားရှိမှု အခြေအနေ၊ ရေလှောင်ကန်များ ရေလုံလောက်မှုရှိ /မရှိ၊ စျေးဆိုင်တန်းများစနစ်တကျ ရောင်းချခြင်းရှိ /မရှိ တို့ကို ကွင်းဆင်းစစ်ဆေးပြီး မီးဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သဲစုပိုင် ( ကျေးသီး )