မိုင်းကိုင်မြို့နယ်၊ ဝမ်ဖွီးကျေးရွာအုပ်စု၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ နွေရာသီကာလ  ရောက်ရှိလာပြီဖြစ် သဖြင့် ကျေးလက်နေ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားလာစေရန်အတွက် ယနေ့မနက်ပိုင်းက  ဝမ်ဖွီးကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာအတွင်းရှိ  ကျေးရွာအုပ်စုခမ်းမ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းမှုတွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး  ဦးစိုင်းစံထွန်း က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအသိပညာနှင့် မီးသတ်ဆေးဘူး လက်တွေ့ အသုံးပြုပုံများကို ရှင်းလင်း ဟောပြောပြီးနောက် ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြု၍ သဏ္ဍာန်တူ လက်တွေ့မီးငြိမ်းသတ် သရုပ်ပြခဲ့ပြီး  တက်ရောက် လာသူများကိုလည်း  လက်တွေ့ မီးငြှိမ်းသတ်နည်းများ ဆောင်ရွက်စေခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲသို့ ဝမ်ဖွီးကျေးရွာအုပ်စုမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာ ကိုယ်စားလှယ်များ၊ ရွာသူကြီးများနှင့် ရွာသူရွာသားများ စုစုပေါင်း ၈၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)