အောင်လံ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က အကျင့်စာရိတ္တပိုင်း ကောင်းမွန်ရေးဆိုင်ရာ ခေါင်းစဉ်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိူးသိန်းက လူငယ်များ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေး ခေါင်းစဉ်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူး ဦးဝင်းဇော်အေးက အားကစား၏ အဓိပ္ပါယ်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)