သတင်းများ

တောင်ငူ၌ အရေးပေါ်ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Mar 21,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက အရေးပေါ် ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တောင်ငူခရိုင် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို အဆိုပါဦးစီးဌာနဝန်းအတွင်း၌ မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးက ယ​နေ့နံနက်ပိုင်းက ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။
ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Mar 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုက်းတက် ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်(၆ လ ဘတ်ဂျတ်) ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ (၄)ရွာ အနက်ကာလအတွင်း စီမံကိန်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် လမ်းမတော်ကျေးရွာ၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၁၀၀) ရာခိုင်နှုန်းပြီးစီးမှု အခြေ အနေများအား
နမ့်ခမ်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်လာမည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၇)နှစ်မြောက် တပ်မတော် နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က နမ့်ခမ်းမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့တွင်း လူစည်ကားရာနေရာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများ၊ သင်္ဘောဆိပ်၊ ကူတို့ဆိပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် မီးသတ်ဦးစီးဌာနမှ အသင့်စုဖွဲ့ပြင်ဆင်ထားရှိ
Mar 21,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ဘဘာဝဘေးအန္တရာယ်များ ဝင်ရာက်လာပါက ရှာ‌ဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနက အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရသည်။
ထန်းတပင်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက အ.ထ.ကထန်းတပင်ကျောင်းမှ ဆရာ/ဆရာမများ၊‌ ကျောင်းသား/ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
“အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” အထိမ်းအမှတ်အဖြစ် အခမ်းအနားပြုလုပ်
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ချယ်ရီအစည်းအဝေးခန်းမ၌  အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကျောင်းကုန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ကြက်ဟင်းခါး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျောင်းကုန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ကြက်ဟင်ခါး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးနှုန်းသင့်တင့်စွာရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။