ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပန်းတနော် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က (Woman Club)နှင့် (Youth Club) အဖွဲ့တို့ပူးပေါင်း၍ ခင်စောတင့် ဘာသာပြန်ဆိုရေးသားသည့် ခက်ခဲကျပ်တည်းသော အချိန်မှာ စိတ်ချမ်းမြေ့စရာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင် လုပ်ကိုင်တက်စေရန် ရည်ရွယ်၍ အပတ်စဉ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစစ်ယုန်က အကျပ်အတည်းများကို အောင်နိုင်ခြင်း ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး (Woman Club) အဖွဲ့ဝင် ဒေါ်ကေသွယ်က ဆက်ဆံရေးများခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ (Youth Club) အဖွဲ့ဝင် မောင်နေထက်မင်းက ပျော်ရွှင်ခြင်း၏ အရေးပါမှု ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်( ပြန်/ ဆက်)