ကျိုက်ထိုမြို့နယ် တွင် ၂၀၂၂ခုနှစ် အပြည်ပြည် ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပ

ကျိုက်ထို မတ်  ၂၁

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို မတ်လ (၂၁)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးမှ ဖတ်ကြားခဲ့ပြီး ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် သစ်တောပြုစုထိန်းသိမ်းခြင်းနှင့် ပက်သက်သည့် မှတ်တမ်းဗီဒီယိုကလစ်အား ပြသခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ သစ်တောဦးစီးဌာန၀န်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြကြောင်း  သိရသည်။

သန်းသန်းမော်(ကျိုက်ထို)