အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မြစ်သား မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ် ဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူများအတွက်   လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီကကျင်းပခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာမြစ်သားမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟန်စိုးက လူငယ် နှင့်အားကစား၊ လူငယ်နှင့် သိပ္ပံကျောင်းအကြောင်းခေါင်းစဉ်များဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်သီတာအောင်က အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့်မျိုးချစ် စိတ်ဓာတ် ရှင်သန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်သိန်းက စိတ်ဓာတ်ကောင်းများ ဖြစ်ထွန်းရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့်လည်း ကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ ကြသည်။

ထိုသို့အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်းဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးငယ်များရှင်သန်ထက်မြက်စေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်၍ ပြုလုပ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရှိရသည်။

မြမြမွန်(မြစ်သား)