နမ့်ဆန် မတ် ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဦးစီးမှူးရုံးမှ ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာများအသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည် မဟုတ်ကြောင်းပါ "မိဘပြည်သူများသို့အသိပေးကြေညာခြင်း" မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်း က မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပညာပေး မြေစိုက်ဘုတ်တွင် အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဉပဒေအရကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် "ပန်းခင်း"စီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ နိင်ငံတစ်ဝှမ်းလုးတွင် တစ်ပြိုင်တည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် (၁-၄-၂၀၂၂) ရက်နေ့မှစ၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာများအား အသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည် မဟုတ်ကြောင်း၊ ယခုအခါလိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း၊ တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)အား (၁-၄-၂၀၂၂)ရက်နေ့ နံနက်၆နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) အတုကိုင်ဆောင်ခြင်းများသည် တည်ဆဲဉပဒေများအရ ပြစ်မှုမြောက်ပါကြောင်းနှင့် ပြည်သူလူထုအားလုံးမှ လိုက်နာဆောင်ရွက်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်းစသည့် အကြောင်းအရာများပါဝင်ပြီး အဆိုပါမြေစိုက်ဘုတ်များအား နမ့်ဆန်မြို့နယ် ဦးစီးမှူးရုံးတွင် (၁)ခု၊ မြို့နယ်ခန်းမရှေ့တွင် (၁)ခုနှင့် မြို့နယ်ပြည်သူ့ဆေးရုံရှေ့ လမ်းဆုံတွင်(၁)ခု စုစုပေါင်း မြေစိုက်ဘုတ် (၃)ခုအား နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်မှူးများ ရာအိမ်မှူးများက လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ (ပြန်/ဆက်)