ဟိုပုံး မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ စငေါကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျေးရွာရှိ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး၍ ပုံမှန်အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)