ပိုင်ကျုံမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲနှင့်ဖဲကြိုးထိုးနည်းပြိုင်ပွဲ ဆောင်ရွက်

ပိုင်ကျုံ   မတ် ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၇)နှစ်မြောက် တပ်မ တော်နေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများ၊ ဖဲကြိုးထိုးနည်းပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရှိ ရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ကလေးငယ်များအနေဖြင့် ကာယဉာဏ်ဏနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေ‌ရေး၊ အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်နှင့် ပြိုင်ပွဲဆောင်ရွက်ရခြင်း ၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ အမှတ် ()ရပ်ကွက်ရှိ ကလေးငယ်များအား ဘောလုံးပစ်ပြိုင်ပွဲ၊ ဘိုးလင်းပစ်ပြိုင်ပွဲနှင့်ဖဲကြိုးထိုး  နည်းပြိုင်ပွဲတို့ကို ကလေးငယ်များက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်  ကစားခဲ့ကြကြောင်း သိရှိရသည်။

နော်ခူး(ပြန်/ဆက်)