ညောင်ဦးခရိုင်တွင် ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်ဦး  မတ်  ၂၁

မန္တလေတိုင်းဒေသကြီး ညောင်ဦးခရိုင် အထက်တန်း၊ အလယ်တန်းကျောင်းသား ကျောင်းသူများ ား အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့်စိတ်ဓာတ်၊ စည်းကမ်း၊ စာရိတ္တများတိုးတက် မြင့်မားလာစေရေးအတွက်  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁နာရီ အချိန်က ညောင်ဦးမြို့ အခြေခံပညာအထက်တန်း ကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ညောင်ဦခရိုင် အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်အသိပညာ ပေးဟောပြောဆွေးနွေးခြင်း၊ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန၊ခရိုင် ဦးစီးမှူး ဒေါ်စန်းယုမော်မှ ကျောင်းသားကျောင်းသူများ သတင်းမှန်သိရှိရန်ခေါင်းစဉ်ဖြင့် အသိ ပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်စုစုခင် (ဒုတိယ ညွှန်ကြားရေးမှူး)စိတ်ဓာတ်၊ စည်းကမ်း၊ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးကြရာ ကျောင်းသားကျောင်းသူများကစိတ်ဝင်တစားနား ထောင်ကြပြီးလိုက်လံမှတ်သားကြသည်။

ညောင်ဦးခရိုင် ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ ညောင်ဦးမြို့နယ် အခြေခံပညာအထက် တန်းကျောင်းသား၊ ကျောင်းသူ များ၊ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်စုစုခင်၊ညောင်ဦးမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းအေး၊ ကျောက်ပန်း တောင်းမြို့နယ် ပညာရေးမှူး ဒေါ်မော်မော်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူးဒေါ်စန်းယုမော်၊ ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေးတို့တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီကျင်းပခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD