မအူပင် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဘဘာဝဘေးအန္တရာယ်များ ဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခရိုင်မီးသတ်ဦးစီးမှူး ဦးကိုကိုဦး၏ လမ်းညွှန်မှုဖြင့် မအူပင်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇော်မျိုးဌေးကဦးဆောင်ကာ ယမန်နေ့ကစ၍ အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရှိရသည်။
မအူပင်မြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်း နေထိုင်သောပြည်သူများ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မြစ်ကမ်းအနီး နေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန်အတွက် သဘာဝဘေး ကျရောက်လာပါက အချိန်မီကယ်တင်နိုင်ရေး မအူပင်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးအား စုဖွဲ့ထားရှိပြီး၊ မအူပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများကိုလည်း စနစ်တကျ စီစဉ်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။
ခရိုင် (ပြန်/ ဆက်)