သတင်းများ

မူဆယ်မြို့၊ မဟာဝန်ကျောင်းတိုက်ကြီး၏(အဂ္ဂ မဟာ သဒ္ဒမ္မ ဇောတိက ဓဇ)ဘွဲ့တံဆိပ်တော်ရ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ နရနာထအား လှူဒါန်းမှု အခမ်းအနားကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် မဟာဝန်ကျောင်းတိုက်ကြီး၏ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)ဘွဲ့တံဆိပ်တော်ရ ဦးစီး ပဓာနနာယကဆရာတော်ဘဒ္ဒန္တနရနာထအား လှူဒါန်းမှု အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်၌ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Mar 21,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊  မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။
ပေါက်ခေါင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ထားရှိ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်အတွက် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။
မအူပင်မြို့၌ မုန်တိုင်းငယ်သတိပေးချက် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 21,2022
မုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်ထားသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မုန်တိုင်းအန္တရာယ် သိရှိရန်အတွက် ယနေ့ နံနက် ၉ နာရီက မအူပင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ဦးဆောင်မှု ဖြင့်  ခရိုင်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာများမှ စျေးဝယ် လာရောက်သည့် မော်တော်များ၊ စက်လှေများအား အန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်း စစ်ဆေးပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများအတွင်း လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျုံမငေး-ရန်ကုန် စက်ရုံဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်အား ဂုဏ်ပြုကြိုဆို ပူဇော်ပွဲကျင်းပ
Mar 21,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဆက်ကပ်လှူဒါန်းအပ်သော အဘိဓဇ္ဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ရရှိတော်မူသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ စက်ရုံကျောင်းဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တသုမန မဟာထေရ်မြတ်အား ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှ သီတင်းသုံးဆောင်ရာ စက်ရုံဓမ္မရိပ်သာ၊ ကျုံမငေးမြို့သို့ လှည့်လည်အပူဇော်ခံဂုဏ်ပြုကြိုဆိုပွဲအား ကျင်းပခဲ့ကြောင်းသိရသည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Covaxin)ဆက်လက်ထိုးနှံ
Mar 21,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများတွင် ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မိုင်းငေါ့မြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လည် (၁၂) နာရီအချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်း‌ ကျောင်းတွင် လူငယ်ရေးရာ အသိပညာ ပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။