စစ်ကိုင်း မတ် ၂၁
စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌနနှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို မတ်(၂၁)ရက်၊ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အားကစားဆိုင်ရာ အသိ ပညာပေးဆွေးနွေးရာ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့နှစ်သက်ရာ အားကစားများကို လှုပ်ရှားဆောင်ရွက်သွားကြစေလိုကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက် အကူဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ရည်မှန်းချက်များ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ စသည်ဖြင့်ဆွေးနွေး ဟောပြောပေးခဲ့ပြီး အားကစားပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံပေးခဲ့ကြသည်။
ဟောပြောပွဲသို့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရွာသစ်ကြီး) ဒုတိယ ပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ သင်တန်းသူ ကျောင်းသား/ ကျောင်းသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်