နမ့်စန် အထကတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

နမ့်စန်() မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(နမ့်စန်) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် က လူငယ်နှင့် ရည်မှန်းချက် လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်များဖြင့် ပညာပေးဟောပြောခဲ့ပြီး အထက(နမ့်စန်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့် က လူငယ်များ စိတ်ဓာတ် ကောင်းမွန်ရေးနှင့် စည်းကမ်း လိုက်နာရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုလက်ထောက် ကြီးကြပ်ရေးမှူး ဦးအေးချမ်းနိုင် က လူငယ်နှင့်အားကစား၊ လူငယ်နှင့် မူးယစ်ဆေးအန္တရာယ် စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများ အတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)