သတင်းများ

ကျောက်မဲမြို့တွင်အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ( International Day of Forests ) အထိမ်းအမှတ် အခမ်းအနားကျင်းပ
Mar 21,2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ( International Day of Forests ) အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ရာ ကျောက်မဲခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(၇၇)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 21,2022
ရန်ကုန်တိုင်း​ဒေ​သကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၇)နှစ်​​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် အသိပညာ​ပေး (Talk  Show)ကျင်းပ​ဆောင်ရွက်ခြင်းကို ယနေ့မွန်လွဲ (၁) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ပေါင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Mar 21,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ပင်လယ်ကမ်းခြေနှင့် ထိစပ်နေသော ကျေးရွာများသို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော် ခဲ့ကြသည်။
မုံရွာမြို့နယ် သစ်တောဦးစီးဋ္ဌာန၌ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနား ကျင်းပ
Mar 21,2022
မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်သည် ယနေ့ နံနက်(၁၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဋ္ဌာနရုံး အစည်းအဝေးခန်းမတွင် မျှတဆင်ခြင်ထုတ်သုံးလျှင်သစ်တောများ တည်မြဲထာဝစဉ်" ဖြစ်ပြီး သစ်တောသယံဇာတများအား ထာဝစဉ်တည်တံ့စေရန်အတွက် စနစ်တကျ ထိန်းသိမ်းရန်နှင့် စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန်အတွက် အဓိကရည်ရွယ်ပြီး ကျင်းပ ပြုလုပ်သော ၂၁.၃.၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားခဲ့သည်။
လွိုင်လင်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များအကျင့်စာရိတ္တ‌ ကောင်းမွန် စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ ဘက်စုံထူးချွန်သူများ‌‌ပေါ်ထွန်းလာ‌စေရေးနှင့် နိုင်ငံအတွက် အားထား ရသည့် သားကောင်းသမီးမွန်များ ဖြစ်ထွန်းလာ‌စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ပြုလုပ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၀ ဦးဆက်လက်ဝင်ရောက်
Mar 21,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၀ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကြက်သွန်နီ ဈေးနှုန်းအနည်းငယ်မြင့်တက်လာ၍ ကြက်သွန်စိုက်တောင်သူများ ၀မ်းသာ
Mar 21,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်ရှိ ကျေးရွာများတွင် ကြက်သွန်နီများ တူး‌ဖော်လျက်ရှိရာ ကြက်သွန်တူးဖော်ချိန် ကြက်သွန်ဈေးနှုန်း အနည်းငယ်မြင့်တက်လာ၍ တောင်သူများ ၀မ်းသာလျက်ရှိကြောင်းသိရသည်။
နွားထိုးကြီးမြို့ အထကကျောင်း၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ရှင်သန်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 21,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်သူရိန်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။