ဌာနဆိုင်ရာရုံးအဆောင်အဦများတွင် မီးဘေးလုံခြုံရေးနှင့်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောင်အဦများနှင့် အလုပ်ရုံများတွင် မီးဘေးကြိုတင်တား ဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ကို၊ ယနေ့ နံနက် (၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်လင်း၊ ဒုတိယဦးစီးမှူး ဦးမျိုးပိုင်သူထွေးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြိုနယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေးအတွက်၊ စစ်ဆေးရေးအဖွဲ့များ  ဖွဲ့စည်း၍ အစိုးရဌာနပိုင် အဆောင် အဦများအား ဦးစားပေး(၁)အဖြစ် လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၊ ဈေးများ၊ ဟိုတယ်/ မိုတယ်များနှင့် မီးဘေးစိုးရိမ်ရသော နေရာများအား ဦးစားပေး(၂)အဖြစ် လည်းကောင်း၊ လူနေရပ်ကွက်များရှိ နေအိမ်များအား  ဦးစားပေး(၃)အဖြစ်လည်းကောင်း၊ သတ်မှတ်၍ မီးဘေးလုံးခြုံရေးဆိုင်ရာ စစ်ဆေး အကြံပြုချက်များအား မြန်မာနိုင်ငိမီးသတ်တပ်ဖွဲ့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ ကွင်းဆင်းစစ်ဆေးခြင်း များ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးကျော်နိုင်လင်းက ပြောပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဆေးဘူးထားရှိခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ အသုံး ပြု၍ ရ/မရနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိ၊ မီးဘေးလုံခြုံရေးစနစ် ရှိ/မရှိ၊ မီးချိတ်၊ မီးကတ်၊ သဲ၊ ရေပုံး၊ လှေကားနှင့် အခြားမီးငြှိမ်းသတ်ရာတွင် အသုံးပြုနိုင်မည့်ပစ္စည်းများ အလွယ်တကူ ရယူအသုံးပြုနိုင်ရန် ထားရှိခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)